သင်္ဘောသားအသက်အာမခံ


Ministry of Planning and Finance / August 13, 2024

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

သင်္ဘောသားအသက်အာမခံကို အသက်(၁၈)နှစ် မှ (၆၀)နှစ် ရှိသူ ပြည်ပထွက်ခွာသင်္ဘောသား များထားရှိနိုင်ပါသည်။

ဝန်ဆောင်ခ

အာမခံထားငွေ ကျပ် သိန်း(၅၀) အတွက် တစ်ယူနစ်ကျသင့်ပရီမီယံမှာ ကျပ် ၃၀,၀၀၀/-ဖြစ်ပါသည်။ အကယ်၍အသက်(၆၀)နှစ် ကျော်သော်လည်း ကျန်းမာရေးကောင်းသဖြင့် သင်္ဘောသားအသက်အာမခံ ထားရှိလိုပါက အပို ပရီမီယံ ကျပ် ၅၀၀၀/-ထပ်ဆောင်း၍ စုစုပေါင်းပရီမီယံ ကျပ်၃၅,၀၀၀/-ဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။ (၁) ယူနစ် မှ (၄) ယူနစ် အထိ ဝယ်ယူနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

နိုင်ငံကူးလက်မှတ်အမှတ်ဖော်ပြရန်လိုအပ်၍ သင်္ဘောသားမှတ်ပုံတင်အမှတ် စီဒီစီမိတ္တူနှင့် ဆေးမှတ်တမ်းမိတ္တူ တင်ပြရပါမည်။

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံပေးသွင်းခြင်း

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

ဖြည့်စွက်ချက်

  • သင်္ဘောသားအသက်အာမခံ လက်ခံခြင်းအား ကွန်ပျူတာစနစ်ဖြင့် အဆိုလွှာလက်ခံ ခြင်း၊ ပရီမီယံငွေရပြေစာ ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသက်အာမခံ လက်မှတ် များအား စနစ်မှ တိုက်ရိုက်ထုတ်ပေးလျက်ရှိပါသည်။
  • အာမခံသက်တမ်းအတွင်း သေးဆုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။