မြွေအန္တရာယ်အသက်အာမခံ


Ministry of Planning and Finance / August 13, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက်ကန့်သတ်ချက်မရှိကျား/မ မရွေးထားရှိနိုင်သည်။ အရွယ်မရောက်သေးသူများအတွက် အရွယ်ရောက်သူကထားပေးနိုင်ပါသည်။

ဝန်ဆောင်ခ

တစ်ယူနစ် အာမခံထားငွေကျပ် ၅သိန်း၊ ၁နှစ်သက်တမ်းအတွက် ကျသင့်ပရီမီယံကျပ် ၅၀၀/-နှုန်း ဖြင့် အများဆုံး(၁၀)ယူနစ် အာမခံထားငွေ ကျပ် သိန်း ၅၀ ထားရှိနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

မရှိပါ။

အဆင့်-၁

          အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံတစ်ကြိမ်တည်းပေးသွင်းရမည်။

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

ဖြည့်စွက်ချက်

  • အာမခံသက်တမ်းအတွင်း မြွေကိုက်ခံရခြင်းကြောင့် သေဆုံးလျှင်ကျပ်(၅)သိန်း၊ ဆေးဝါးကုသစရိတ်အများဆုံးကျပ် ၈၀၀၀၀/- ရရှိနိုင်ပါသည်။
  • မြွေကိုက်ခံရသဖြင့် အသက်မဆုံးရှုံးသော်လည်း မျက်စိ၂လုံးစလုံးကွယ်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ ခြေချောင်းလက်ချောင်းများ ဖြတ်တောက်ရခြင်း တို့အတွက် ကျန်းမာရေးဌာန၏ ထောက်ခံချက်ဖြင့် အများဆုံးအကျိုးခံစားခွင့် ငွေကျပ် ၂၅၀၀၀၀/- အား ထုတ်ပေးပါသည်။
  • မြွေအန္တရာယ်အာမခံထားသူသည် မြွေကိုက်ခံရခြင်းကြောင့် ဆေးဝါးကုသစရိတ် ထုတ်ယူပြီး ဖြစ်စေကာမူ ထပ်မံ၍မြွေကိုက်ခံရခြင်းကြောင့် သေဆုံးပါက ၁ ယူနစ် လျှင် ကျပ် ‌(၅) သိန်း အထိ ထပ်မံခံစားခွင့်ပြုမည်ဖြစ်ပါသည်။