နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက်ရှိသူများ၏ ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာ အချက်အလက် Biometric တို့ကိုကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံး ပါသော Unique ID နံပါတ်တစ်ခုစီသတ်မှတ် မှတ်ပုံတင်ခြင်း


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / October 01, 2024

ဝန်ဆောင်မှုရယူရန်အတွက် -

  • လျှောက်ထားလိုသူ ကာယကံရှင်ကိုယ်တိုင်

  • ကိုင်ဆောင်လက်မှတ်(နိုင်/ ဧည့်/ ပြု)

 

လိုအပ်သောစာရွက်စာတမ်း

  • ဆောင်ရွက်မည့်သူသည်  ၎င်းကိုင်ဆောင်သောနိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရမည် ဖြစ်ပါသည်။​​​​​​​

 

လျှောက်ထားရယူရန်အဆင့်များ

  • UID လျှောက်ထားလိုသူသည် မြို့နယ်လဝကရုံးများနှင့်  Mobile Team များ ကွင်းဆင်းဆောင်ရွက်မှုများတွင် ကာယကံရှင်ကိုယ်တိုင် ၎င်းကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ မြို့နယ်ဦးစီးမှူးရုံးမှ အခမဲ့ ထုတ်ပေးသော Biometric Enrollment Application Form တွင် အချက်အလက်များ ဖြည့်သွင်း လျှောက်ထားရပါမည်။

 

ဝန်ဆောင်မှုရရှိနိုင်မည့်နေရာများ

  • လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများတွင် အခမဲ့ လျှောက်ထားနိုင်ပါသည်။



မေးလေ့ရှိသောမေးခွန်းများ