ကမ်းလွန်လုပ်ကွက်အမှတ် MD-7 တွင် Drilling Campaign လုပ်ငန်း များ ဆောင်ရွက်မည်ဖြစ်ပါ၍ ရေကြောင်းသတိပေးချက်ထုတ်ပြန်

ကမ်းလွန်လုပ်ကွက်အမှတ် MD-7 တွင် Drilling Campaign လုပ်ငန်း များ ဆောင်ရွက်မည်ဖြစ်ပါ၍ ရေကြောင်းသတိပေးချက်ထုတ်ပြန်


Ministry of Information/ ​နေပြည်တော် / October 09, 2019
image_latest


နေပြည်တော် အောက်တိုဘာ ၈

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော PTTEP South Asia Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် MD-7 တွင် Drilling Campaign လုပ်ငန်းများအား Semi-Submersible Drilling Rig, NOBLE CLYDE BOUDREAUX (Call Sign : A8BM6) ဖြင့် Restricted Area Boundary Coordinates Point(A) မြောက်လတ္တီ တွဒ် ၁၁ ဒီဂရီ ၀၀ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၄ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ Point(B) မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၀၀ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၉ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ Point(C) မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၁၉ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၉ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ Point(D) မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၁၉ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၇ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ Point(E) မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၂၈ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ် ၅၈ ဒသမ ၀၀ စက္ကန့်၊ Point(F) မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၄၄ မိနစ် ၅၃ ဒသမ ၀၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၃ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ Point(A) မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၀၀ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့် ၊ အရှေ့ လောင်ဂျီ တွဒ် ၉၅ ဒီဂရီ ၂၄ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်တွင် လည်းကောင်း၊ Individual Surface Location of Well - Well Shwe Nadi-1 မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၄၀ မိနစ် ၁၅ ဒသမ ၇၅၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၀၅ မိနစ် ၃၃ ဒသမ ၆၃၇ စက္ကန့်တွင် လည်းကောင်း (၃၁.၁၂.၂၀၁၉)ရက်နေ့မှ (၉.၃.၂၀၂၀)ရက်နေ့အထိ ဆောင်ရွက် သွားမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ (၃၁.၁၂.၂၀၁၉) ရက်နေ့မှ (၉.၃.၂၀၂၀) ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်နေစဉ် လုပ်ငန်း ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက် ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည် အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာ ထားပါ၍ သင်္ဘော ကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချ ရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများချထား ခြင်းများ မပြုလုပ်ကြရန် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။

သတင်းစဉ်