ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ဆိုင်ကယ်ခိုးလာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ဆိုင်ကယ်ခိုးလာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Nay Pyi Taw / June 10, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ဆိုင်ကယ်ခိုးလာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ဆိုင်ကယ်ခိုးလာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၄)ရပ်ကွက်အရောက်၌ အဆိုပါရပ်ကွက်နေ ကောင်းမြတ်သူ(ခ)အကြီးကောင်(ခ)သားကြီး (၃၀)နှစ်၊ နေဝင်းနိုင်(ခ)အငယ်ကောင်(၂၄)နှစ်နှင့် အာကာဖြိုး(ခ)အာကာ(၂၅)နှစ်တို့ သုံးဦးတို့သည် ဆိုင်ကယ် တစ်စီး တွန်းလာသည်ကို တွေ့ရှိရ၍ စစ်ဆေးမေးမြန်းခဲ့ရာ ဆိုင်ကယ်အား ၎င်းတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုနိုင်ခြင်းမရှိဘဲ အဆောက်အအုံတစ်ခုခုအတွင်းမှ ခိုးယူလာကြောင်း မသင်္ကာဖွယ်စစ်ဆေး တွေ့ရှိရသဖြင့် ကောင်းမြတ်သူ(ခ)အကြီးကောင်(ခ)သားကြီးပါ သုံးဦးအား မြဝတီ မြို့မရဲစခန်း (ပ)၁၄၂/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,