ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားများ၏ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက် ၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးကျင်းပ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားများ၏ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက် ၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / August 03, 2021
image_latest


နေပြည်တော် ဩဂုတ် ၃ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု တတိယလှိုင်းကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များ သတ်မှတ်ကြေညာကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဖြတ်တောက်၍ ပိုမိုထိရောက်စွာကာ ကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအလုပ်ပိတ်ရက်များတွင် စက်ရုံ၊ အလုပ်ရုံများ မလည်ပတ်နိုင်ပါက အလုပ်ရှင်များ ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်နိုင်သကဲ့သို့ အလုပ်သမားများ လည်း အလုပ်လက်မဲ့ဖြစ်ကာ ထိခိုက်မှုများရှိနိုင်သည့်အတွက် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် အစိုးရ ရုံးပိတ်ရက် သတ်မှတ်ချက်များနှင့် သက်ဆိုင်ခြင်းမရှိဘဲ လုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော် အစိုးရက ထုတ်ပြန်ပေးခဲ့ပါကြောင်း။ ယခု အစည်းအဝေးတွင် အလုပ်သမားများအနေဖြင့် လက်ရှိကြုံတွေးခံစားရသည့် အခက် အခဲများကို ဆွေးနွေးတင်ပြသကဲ့သို့ အလုပ်ရှင်များ၏ အခက်အခဲကြားမှ ဆောင်ရွက်ပေးမှုများ ကိုလည်း ကြည့်ရှုပေးရန် လိုအပ်ပါကြောင်း၊ အလုပ်ရှင်များဘက်မှလည်း စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် ပုံမှန် လည်ပတ်နိုင်ရေးနှင့် အလုပ်သမား များ၏ ကျန်းမာရေး၊ လုပ်ငန်းခွင်ပျော်ရွင် စေရေးတို့အတွက် ဖော်ဆောင်ဖန်တီး ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ် သမားများသည် တစ်ဖက်သတ်မကြည့်ဘဲ တစ်ဖက်နှင့်တစ်ဖက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ မျှမျှ တတမြင်အောင် ကြည့်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ အလုပ် ရှင်နှင့် အလုပ်သမားများ၏ အမှန်တကယ် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အပြန်အလှန် ညှိနှိုင်းသုံးသပ်ကာ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ထိထိရောက်ရောက် ဖြည့်ဆည်းပေး နိုင်မည်ဖြစ် ပါကြောင်း၊ တက်ရောက် လာကြသူများ အနေဖြင့် လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အလုပ်ရှင် နှင့်အလုပ်သမားများ၏ ကြုံတွေ့နေရသည့် အခက်အခဲများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးကာ အကောင်းဆုံး အဖြေရှာ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသည့် အလုပ်သမား၊ အလုပ်ရှင်နှင့် စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံခံစားနေရသည့် လုပ်ငန်းဆိုင် ရာအခက်အခဲများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို အားလုံးက အတူတကွလက်တွဲ ကျော်ဖြတ်ရင်း နိုင်ငံ၏ထုတ်ကုန်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေးမှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)