ကိုရီးယားရာသီဥတုပြောင်းလဲမှုစင်တာမှ စိုက်ပျိုးရေးဦးစီးဌာနသို့ မော်တော်ယာဉ်နှင့် ထောက်ပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်


Ministry of Information/ ​နေပြည်တော် / November 13, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် ကိုရီးယား ရာသီဥတုပြောင်းလဲမှု စင်တာ (Korea Climate Change Center - CCC)မှ စိုက်ပျိုးရေးဦးစီး ဌာနသို့ မော်တော်ယာဉ်များနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပ သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. Jung Yung Soo နှင့် SK Telecom မှ Executive Vice President, Mr. Ryu Woong Hwan တို့က အမှာစကားပြောကြားကြပြီး ကိုရီးယား ရာသီဥတု ပြောင်းလဲမှုစင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် Ms. So Hee Kim က မော်တော်ယာဉ်များနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေး အပ်ရခြင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကိုရီးယားရာသီဥတုပြောင်းလဲမှုစင်တာမှ အထွေထွေအတွင်း ရေးမှူးချုပ် Ms. So Hee Kim နှင့် SK Telecom မှ Executive Vice President, Mr. Ryu Woong Hwan တို့က စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးအေးကိုကို တို့ထံ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူး ခြင်း စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် မော်တော် ယာဉ်များနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကိုရီးယားရာသီဥတုပြောင်းလဲမှု စင်တာမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် SK Telecom Executive Vice President တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး စွမ်းအား မြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး အတွက် ကိုရီးယားရာသီဥတုပြောင်းလဲမှုစင်တာမှ လွှဲပြောင်းပေးအပ် သည့် မော်တော်ယာဉ်များနှင့် လက်တော့ကွန်ပျူတာများ၊ ပရိုဂျက်တာ များ၊ အပေါ့စားမီးစက်များ နှင့် မိုဘိုင်းဖုန်းဟမ်းဆက်များကို လှည့်လည် ကြည့်ရှုကြသည်။

မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် ထင်းသုံးစွဲမှု ၄၅ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်း၊ သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ခြင်း၊ သဘာဝပတ် ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုအပေါ် ကောင်းကျိုးများ သက်ရောက် စေခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းစေခြင်း၊ Carbon Credit Sharing ကို မြန်မာနိုင်ငံမှ (၁၅)ရာခိုင်နှုန်း ကိုရီးယားဘက်မှ (၈၅)ရာခိုင် နှုန်း ခွဲဝေမှုအရ နိုင်ငံအတွက် အကျိုးကျေးဇူးရရှိနိုင်ခြင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုး တက်ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများအပြင် မြန်မာနိုင်ငံတွင် ကျေး လက် ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာသစ်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် စွမ်းအားမြှင့်မီးဖိုတစ်ဖို ဖြန့်ဖြူးတိုင်းအမေရိကန်တစ်ဒေါ်လာကို ကျေး လက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကိုရီးယား ရာသီဥတုပြောင်းလဲမှု စင်တာမှ စိုက်ပျိုးရေးဦးစီးဌာန၏ ငွေစာရင်းအကောင့်သို့ ထည့်ဝင်ပေး ရန် သဘောတူထားပြီးဖြစ်၍ (၅)နှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၃၂ သန်း ထူထောင်နိုင်မည် ဖြစ် သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အဆိုပါစီမံကိန်းကြောင့် ထင်းအသုံးပြုမှုလျှော့ချနိုင် မည် ဖြစ် ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေ ခြင်းနှင့်အတူ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်းလုပ် ငန်းကိုပါဆောင်ရွက်ပြီး ဖြစ်သဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟု သုတများ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် စွမ်းအားမြှင့်မီးဖို ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီး ပေးနိုင်ခြင်း၊ လောင်စာအသုံးပြု ချက်ပြုတ်ခြင်းအတွက် ထင်းသုံးစွဲခြင်းမှ ဖြစ်ပေါ်လာမည့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချ နိုင်သဖြင့် Carbon Credit ရရှိရန်တို့ကို ရည်ရွယ်ကာ စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)