ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၇ ဦး စေလွှတ်

ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၇ ဦး စေလွှတ်


Ministry of Information/ Naypyitaw / February 13, 2025
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁၂

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၇ ဦးကို ယ​နေ့တွင်စေလွှတ်ခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ယင်းကဲ့သို့စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် ၁၃၉ ဦး (သစ်တော ၁၉ ဦး) နှင့် ဆောက်လုပ်ရေးလုပ်သားသစ်ရှစ်ဦး စုစုပေါင်း ၁၄၇ ဦးသည် ယနေ့တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

ရောက်ရှိလာသော အလုပ်သမားများအား မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြားပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ဇန်နဝါရီ ၁၅ ရက်ကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၀၇ ဦးနှင့် စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် ၃၇ ဦး စုစုပေါင်း ၁၄၄ ဦးစေလွှတ်ခဲ့ပြီး အဆိုပါအလုပ်သမားများသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့်ရောက်ရှိခဲ့ပြီး မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားကာ လိုအပ်သည်များ ကူညီပံ့ပိုးပေး ခဲ့ကြောင်း သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

မေသက်