ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ခြင်း
ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ခြင်း
Ministry of Foreign Affairs/ Nay Pyi Taw / October 10, 2019

(၁၀-၁၀-၂၀၁၉ ရက်၊ ကူမင်းမြို့)
မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်သည် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Zhang Guohua နှင့် ၉-၁၀-၂၀၁၉ ရက်တွင် ကူမင်းမြို့ရှိ Green Lake Hotel ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အထူးသဖြင့် ယူနန်ပြည်နယ်တို့အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသည့်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နယ်စပ်ဒေသတို့တွင် တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။