ကျင်းပသည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair2022) စတုတ္ထနေ့ ဆက်လက်ကျင်းပ
ကျင်းပသည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair2022) စတုတ္ထနေ့ ဆက်လက်ကျင်းပ
Ministry of Information/ Naypyitaw / February 22, 2022
နေပြည်တော် ဖေဖော်ဝါရီ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပသည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair2022) စတုတ္ထနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေး သိပ္ပံကျောင်း၌ ဆက်လက်ကျင်းပသည်။
ပြပွဲတွင် မြန်မာနိုင်ငံမျိုးစေ့ အသင်းနှင့် မျိုးစေ့ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်း များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးစီး ဌာနများရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ် ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ဆီထွက်သီးနှံများနှင့် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံမျိုးစေ့၊ ပျိုးပင်၊ ပြခန်းပြကွက်များနှင့် စိုက်ခင်းများ၊ ပုဂ္ဂလိကပြခန်းများ အပါအဝင် ပြခန်းပေါင်း ၃၅ ခန်း ဖြင့်စုံလင်စွာ ခင်းကျင်းပြသထားသည်။
ထိုသို့ခင်းကျင်းပြသထားမှုကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးတောင်သူများ၊ စိုက်ပျိုးရေးကို စိတ်ဝင်စားသူများ၊ မျိုးစေ့ကုမ္ပဏီ များမှ ကိုယ်စားလှယ်များ၊ လူငယ် စွန့်ဦးတီထွင် ပညာရှင်များနှင့် ပျဉ်းမနားမြို့ရှိ အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြသည်ကို တွေ့မြင်ရသည်။
မျိုးစေ့ပြပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက “အဓိက ကတော့ ဘယ်သီးနှံကိုပဲစိုက်စိုက်၊ ဘယ်လို မျိုးရင်းနှီးမြှုပ်နှံမှုတွေ စိုက်ထုတ် နိုင်နိုင် မျိုးကောင်းမျိုးသန့်ကို မသုံးစွဲနိုင်ဘူး၊ ဈေးကွက်က လိုအပ် ချက်ရှိတဲ့မျိုးတွေကိုသုံးစွဲမှုမရှိဘူး ဆိုရင် စဉ်ဆက်မပြတ် အောင်မြင် တဲ့အခြေအနေရှိမှာ မဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် မျိုးကောင်း မျိုးသန့်ကိုလည်း သုံးရမယ်၊ ဈေးကွက်က Demand ရှိတဲ့ သီးနှံတွေကိုလည်း စိုက်ပျိုးဆောင်ရွက်သွားဖို့ လိုအပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။
“အဲဒီအတွက်ကြောင့် အခုလို မျိုးကောင်းမျိုးသန့်တွေသုံးစွဲပြီး အထွက်နှုန်း တိုးလာမယ်ဆိုရင် ဈေးကွက်တွေ တည်ငြိမ်လာမယ်၊ ဈေးနှုန်းတွေ ကောင်းမွန်လာမယ်၊ အဲဒီအတွက်ကြောင့် စိုက်ပျိုး ထုတ်လုပ်သူတွေရဲ့ ဝင်ငွေတွေ တိုးပွားလာမယ် ဆိုရင်တော့ ကျွန်တော်တို့ ရည်ရွယ်ချက်ဖြစ်တဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာဖို့ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီ လိုမျိုး ဆောင်ရွက်ခြင်းအားဖြင့် အခြေခံ ကျေးလက်နေပြည်သူ လူထုက ဝင်ငွေတွေ တိုးတက်လာ မယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူ တွေတင် မဟုတ်ဘဲ လယ်ယာကဏ္ဍမှာဆက်စပ်နေတဲ့ လုပ်သားတွေလည်း အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ရရှိလာနိုင်မယ်။ အဲဒါကြောင့် မျိုးကောင်း မျိုးသန့်မျိုးစေ့ကို အသုံးပြုခြင်း အားဖြင့် စဉ်ဆက်မပြတ် ကွင်း ဆက် တောက်လျှောက်မှာရှိနေတဲ့ လူတွေက ကြွယ်ဝချမ်းသာမှုတွေမျိုးနဲ့ ရောက်လေ့တွေ ရချင် ဖြစ်လာနိုင်မယ်ဆိုတဲ့ ရည်မှန်း ချက်ကိုထားရှိပြီးတော့ ဒီဆောင်ပုဒ်နဲ့အညီ ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ပြပွဲသို့ လာရောက်လေ့လာ သည့် တောင်သူ ဦးပါ က “ကျွန်တော်က တောင်သူဆိုတော့ ခရမ်း၊ နှမ်းနဲ့ နေကြာစိုက်ပါတယ်။ မျိုးစေ့မျိုးကောင်းလေးတွေ ရချင်လို့ လာရောက်လေ့လာပြီး ခရမ်း မျိုးနဲ့ နေကြာမျိုးတွေလည်း ဝယ်ခဲ့ပါတယ်။ ဒီပွဲလာရတဲ့ ရည်ရွယ်ချက်က တောင်သူ တစ်ယောက်အနေနဲ့ မမြင်ဖူးတဲ့ သီးနှံတွေကို မြင်ဖူးချင်တာလည်းပါပါတယ်။ ဒါကြောင့် ကျွန်တော် တို့လို တောင်သူတွေ အနေနဲ့ မျိုးကောင်းမျိုးသန့်တွေ ကိုယ့် ဒေသနဲ့ကိုက်ညီမယ့်တခြားမျိုးစေ့ တွေကို လာရောက်လေ့လာဖို့ အတွက် ဖိတ်ခေါ်ချင်ပါတယ်”ဟု ပြောကြားသည်။
ထို့ပြင် ပြပွဲ၌ စိုက်ပျိုးပညာ ရယူဖို့ ICT ကိုသုံးကြစို့ ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ၊ တောင်သူနှီးနှောဖလှယ် ပွဲများနှင့် မျိုးနဲ့ ရောက်လေ့တွေ ရချင်ဖြစ်လာနိုင်မယ်ဆိုတဲ့ ရည်မှန်း ချက်ကိုထားရှိပြီးတော့ ဒီဆောင်ပုဒ် နဲ့အညီ ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ပြပွဲသို့ လာရောက်လေ့လာသည့် တောင်သူ ဦးပါ က “ကျွန်တော်က တောင်သူဆိုတော့ ခရမ်း၊ နှမ်းနဲ့ နေကြာစိုက်ပါတယ်။ မျိုးစေ့မျိုးကောင်းလေးတွေ ရချင်လို့ လာရောက်လေ့လာပြီး ခရမ်း မျိုးနဲ့ နေကြာမျိုးတွေလည်း ဝယ်ခဲ့ပါတယ်။ ဒီပွဲလာရတဲ့ ရည်ရွယ်ချက်က တောင်သူ တစ်ယောက်အနေနဲ့ မမြင်ဖူးတဲ့ သီးနှံတွေကို မြင်ဖူးချင်တာလည်းပါ ပါတယ်။ ဒါကြောင့် ကျွန်တော် တို့လို တောင်သူတွေ အနေနဲ့ မျိုးကောင်းမျိုးသန့်တွေ ကိုယ့် ဒေသနဲ့ကိုက်ညီမယ့်တခြားမျိုးစေ့ တွေကို လာရောက်လေ့လာဖို့ အတွက် ဖိတ်ခေါ်ချင်ပါတယ်”ဟု ပြောကြားသည်။
ထို့ပြင် ပြပွဲ၌ စိုက်ပျိုးပညာ ရယူဖို့ ICT ကိုသုံးကြစို့ ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ၊ တောင်သူနှီးနှော ဖလှယ်ပွဲများနှင့် နည်းပညာအခြေပြု စိုက်ပျိုး ပညာပေးရေး လုပ်ငန်းများကို လည်း ထည့်သွင်းကျင်းပပေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လယ်ယာ ကဏ္ဍကို စိတ်ဝင်စားသူများအနေ ဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်အသုံးပြုခြင်းများနှင့် သက်ဆိုင်သည့် ဗဟုသုတများကို စုံလင်စွာ လေ့လာခွင့် ရခဲ့ကြသည်။
စိုက်ပျိုးပညာရယူဖို့ ICT ကိုသုံးကြစို့ စကားဝိုင်းဆွေးနွေးပွဲ တွင် ပါဝင်ဆွေးနွေးခဲ့သူ လူငယ် စွန့်ဦးတီထွင်ပညာရှင် ဦးကျော်ဇင် ဝင်းက “ ကျွန်တော်တို့ရဲ့ စိုက်ပျိုး ရေးဆိုင်ရာ နည်းပညာ တွေကိုတောင်သူတွေ လွယ်လွယ်ကူကူနဲ့ ဘယ်လိုနေရာကနေ ရရှိနိုင်မလဲ။ ရရှိနိုင်မယ့်ပစ္စည်းနဲ့ နည်းပညာ တွေက ဘာတွေရှိလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ စိုက်ပျိုးရေး ဦးစီးဌာနမှာရှိတဲ့ call center ၊ websites, web-portal တွေကို ဆွေးနွေးခဲ့ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ mobile application တွေကိုလည်း တောင်သူတွေသုံးစွဲ နိုင်ဖို့ဘယ်လိုနေရာမှ ရရှိနိုင်တယ် ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ကာလမှာ တောင်သူ ပညာပေးနဲ့ စိုက်ပျိုးရေးပညာပေး ဝန်ထမ်းတွေစိုက်ကွင်းထဲမရောက် ရှိနိုင်တဲ့အခြေအနေမှာ တောင်သူ တွေအနေနဲ့ mobile application website တွေမှာလေ့လာ နိုင်ပါတယ်။ သိချင်တဲ့အကြောင်း အရာတွေကို call center ကို ဖုန်းဆက်ပြီး မေးနိုင်ပါတယ်။
တောင်သူတွေအနေနဲ့လည်း သိရှိ လိုတဲ့ နည်းပညာတွေကို လွယ်ကူ မြန်ဆန်စွာ သိရှိနိုင်မှာ ဖြစ်ပါ တယ်” ဟု ပြောကြားသည်။ မျိုးစေ့ပြပွဲ ၂၀၂၂ ကို မျိုး ကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ် သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့်လယ်ယာကဏ္ဍတွင်မျိုးကောင်း မျိုးသန့်မျိုးစေ့များ အသုံးပြု စိုက်ပျိုး ခြင်းဖြင့် ထုတ်လုပ်မှု မြင့်မားပြီး နိုင်ငံတော်၏ လူမှု စီးပွားဘဝဖွံ့ဖြိုးမှုကို အထောက် အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ အဆိုပါပြပွဲကို “လူမှုစီးပွား တိုးတက်ဖို့မျိုးကောင်း မျိုးသန့်သုံးကြစို့” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၂ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုင်နိုင်ဝင်း ဓာတ်ပုံ - ကိုကိုထိန်