ကြို့ပင်ကောက်မြို့နယ် လယ်တီရွာသစ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

ကြို့ပင်ကောက်မြို့နယ် လယ်တီရွာသစ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / September 09, 2025
image_latest


ကြို့ပင်ကောက်မြို့နယ် လယ်တီရွာသစ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

ကြို့ပင်ကောက် စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကြို့ပင်ကောက်မြို့နယ်၊ လယ်တီရွာသစ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ လယ်တီရွာသစ်ကျေးရွာ၌   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊  ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်း  ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။ 

အဆိုပါ လယ်တီရွာသစ်ကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၁၇၄၀ အကျယ် ၁၂ ပေ အမြင့် ခြောက်လက်မထု မြေနီကျောက်စရစ်ခင်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာနေပြည်သူထည့်ဝင်ငွေကျပ် ၄၅ သိန်း၊ စုစုပေါင်းငွေကျပ် ၁၉၅ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဇွန်လဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

သန်းလွင်(မကွေး)