ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / November 14, 2023
image_latest


ရန်ကုန်တိုင်းဒေသကြီး ၊တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတ က်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဒေ သဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလ ၉ရက်က တော် ကူးအနောက်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

          ဦးစွာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း၊ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် တာဝန်ရှိသူများက မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် မြို့နယ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ၏တင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြားသည်။

          ဆက်လက်၍ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် တော်ကူးအနောက်ကျေးရွာ၌ ပြည်ထောင်စုရန် ပုံငွေကျပ်သန်း(၁၁၀)ဖြင့် ကုန်ထုတ်မြေသားလမ်း (၁/၅)မိုင် အကျယ် ၁၆ပေ၊ ၂ပေထုနှင့်  ပြည် ထောင်စုရန်ပုံငွေကျပ် ၁၇သန်းဖြင့်  Box Culvert (၂)စင်း အကောင်အထည်ဖော် ဆောင်ရွက်နေ မှု အခြေအနေများနှင့်  Natural River Sand co;ltd က အကောာင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကာ ကျေးရွာရှိတာဝန်ရှိသူများ၊ ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံပြီး ကျေးရွာ၏တင်ပြချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်းသိရ သည်။

HOT NEWS
January 4,