ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်အား လာရောက်တွေ့ဆုံ
ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်အား လာရောက်တွေ့ဆုံ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 30, 2022

ဘားအံ - ဩဂုတ် (၃၀)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း Than Lwin Shwe Technology Co.,Ltd မှ အမေရိကန်ဒေါ်လာ ၂ သန်းခန့် ရင်းနှီးမြှပ်နှံ၍ ခနောက်စိမ်းသန့်စင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Than Lwin Shwe Technology Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက တစ်နှစ်လျှင် ခနှောက်စိမ်းတန်ချိန်(၉၀၀)ခန့်ထုတ်လုပ်နိုင်သော (၄၅)နှစ်သက်တမ်းရှိ ခနောက်စိမ်းသန့်စင်ရုံကို တည်ဆောက်လို ကြောင်း၊ မြေဧရိယာ ၈ ဧကမှ ၁၀ ဧကခန့်ပေါ်တွင် မီးခိုးထွက်မှုမရှိသလောက်နည်းပါးသော သန့်စင်သည့်နည်းပညာ ကိုအသုံးပြုသွားမည်ဖြစ်ပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်းနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း အဆင့်ဆင့်ရေးဆွဲတင်ပြရန်နှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။