ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်


Ministry of Transport and Communications/ Naypyitaw / March 25, 2022
image_latest


(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ ပြည်နယ်ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေ အိတ်ချိန်း Migration စတင်ပြုလုပ်မည့် ရက်စွဲ လက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
ရှမ်းပြည်နယ်
(တောင်ပိုင်း)
လင်းခေး အိတ်ချိန်း ၆-၄-၂၀၂၂ ၀၈၁-၈၇xxx ၀၈၁-၂၃၈၇xxx
ပင်လုံ အိတ်ချိန်း ၂၄-၄-၂၀၂၂ ၀၈၁-၃၀၀xxx ၀၈၁-၂၃၀၀xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။