ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ရေးရာ ဒုတိယဝန်ကြီးအား သွားရောက်တွေ့ဆုံ
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ရေးရာ ဒုတိယဝန်ကြီးအား သွားရောက်တွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / October 10, 2019

(၁၀-၁၀-၂၀၁၉ ရက်၊ နေပြည်တော်)
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ရေးရာ ဒုတိယဝန်ကြီး H.E. Mr. Norihiro Nakayama အား ၇-၁၀-၂၀၁၉ ရက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ၎င်း၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။