စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်) တို့အားကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်) တို့အားကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministry of Industry / February 20, 2023


နေပြည်တော်၊ ဖေဖော်ဝါရီ (၁၅)
    စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော သံမဏိများအား အမြန်ဆုံးထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) Phase-1 ပြန်လည်စတင်ဆောင်ရွက် နိုင်ရေးကြီးကြပ်ရန်ကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် ကော်မတီအဖွဲ့ဝင်များ လိုက်ပါလျက် စက်ပစ္စည်း ကိရိယာများအား စစ်ဆေးပြုပြင်နေမှုအခြေအနေနှင့် ဝန်မပါ စမ်းသပ်လည်ပတ်နေမှုအခြေ အနေတို့ကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် သံရည်ကျိုအလုပ်ရုံနှင့် အထောက်အကူပြု အလုပ်ရုံခွဲများရှိ စစ်ဆေးပြုပြင်ပြီးစီးသည့် စက်ပစ္စည်းကိရိယာများအား ဝန်မပါစမ်းသပ်မောင်းနှင်နေမှုအခြေအနေ၊ စက်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်နေမှု အခြေအနေ၊ သံရည်ကျိုနိုင်ရေးအတွက် Scrap ကုန်ကြမ်းများ စုဆောင်းထားရှိမှုအခြေအနေ၊ အမိုးအကာပြင်ပတွင်ထားရှိသည့် စီမံကိန်းဆိုင်ရာ စက်ပစ္စည်းကိရိယာများအား အမိုးအကာ အောက် ရွှေ့ပြောင်းထားရှိနိုင်ရေးအတွက် အမိုးအကာများ ဆောက်လုပ်နေမှုအခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ စက်ပစ္စည်းကိရိယာများ ပြုပြင်နေမှုအခြေအနေ တို့ကို မှတ်တမ်းထားရှိပြီး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ ကိုက်ညီမှုရှိအောင် ဆောင်ရွက် ရန်၊ သံရည်ကျိုအလုပ်ရုံတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ဘေးအန္တရာယ် အကာအကွယ်ပြုဝတ်စုံများ ဝတ်ဆင်နိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထား ကြပ်မတ်ဆောင်ရွက်ရန်နှင့် ထုတ်လုပ်မှုလုပ်ငန်းများအတွက် အဓိကကျသည့် စက်အရန် ပစ္စည်းများကိုလည်း ကြိုတင်ဖြည့်တင်းထားနိုင်ရေး စီမံဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် စီမံချက်များရေးဆွဲပြီး ဇာတ်တိုက်လေ့ကျင့်ထားရန်နှင့် မီးငြိမ်းသတ်ရေး အထောက်အကူပြု ပစ္စည်းများအား ပြည့်စုံအောင် ဖြည့်ဆည်းထားရန် လမ်းညွှန်မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းအဖွဲ့အစည်းအတွင်း အထက်အောက် အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုရှိစေရန် လုပ်ငန်းတာဝန်များကို မိသားစု စိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်တို့အတွက် ဝန်ထမ်းများ နှင့် နေ့လယ်စာအတူတကွ သုံးဆောင်သည်။ 
    ဆက်လက်၍ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံးမှူးနှင့် တာဝန်ရှိသူတို့က စီမံကိန်း လုပ်ငန်းများ ပြန်လည်စတင် အကောင်အထည်ဖော်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ စက်ရုံရှိ စက်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဝန်မပါစမ်းသပ် လည်ပတ်မောင်းနှင်ခဲ့မှုအခြေအနေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက် နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြရာ နိုင်ငံတော်အတွက် မရှိမဖြစ်သော စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်နေခြင်း ဖြစ်၍ အောင်မြင်အောင် အလေးထားဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကိုလည်း ဖြည့်ဆည်းသွားရန်နှင့် လေ့ကျင့်သင်ကြား ပေးနိုင်ရေး အစီအမံများရေးဆွဲဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တွေ့ကြုံလာနိုင်သည့် မမျှော်မှန်းနိုင်သော ကိစ္စရပ်များအတွက် လျင်မြန်စွာဖြေရှင်း တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ထားရန်၊ ရရှိဘဏ္ဍာရန်ပုံငွေများ ကိုလည်း လေလွင့်ဆုံးရှုံးမှုမရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တကျ စိစစ်ကြပ်မတ် စီမံဆောင်ရွက်ရန်၊ အမိုးအကာပြင်ပတွင်ရောက်ရှိနေသည့် စက်ပစ္စည်းကိရိယာများကိုလည်း မိုးရာသီမတိုင်မီ အမိုးအကာအောက်သို့ ရောက်ရှိအောင် ဆောင်ရွက်သွားရန်နှင့် တည်နေရာ များကို မှတ်တမ်းထားရှိရန်၊ အမိုးအကာအောက်တွင် ရောက်ရှိပြီး စက်ပစ္စည်းကိရိယာများ ကိုလည်း ပျက်စီးဆုံးရှုံးမှု မရှိအောင် စနစ်တကျထားရှိဆောင်ရွက်ရန်၊ စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော သံမဏိထုတ်လုပ်ရေးလုပ်ငန်း များကို လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းအားလုံးမှ ကျရာကဏ္ဍအသီးသီး၌ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့ရှိ အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်)သို့ ရောက်ရှိပြီး ၂/၄၀ ချည်များ ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အထည်အလိပ်ရက်လုပ်ရာတွင် လိုအပ်သော ချည်များအား ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ထုတ်လုပ်သည့် ချည်များ၏  ဆွဲဆန့်နိုင်မှု ခံနိုင်အား ကောင်းမွန်အောင်နှင့် ချည်လုံးညီညာမှုရှိစေရေး ထုတ်လုပ်မှုနည်းစဉ် တစ်လျှောက်တွင် Check Point ထားရှိ၍ စစ်ဆေးရန်၊ ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိနေပြီ ဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်စေရေးနှင့် လျှပ်စစ်မီးအန္တရာယ်မဖြစ်စေရေးတို့ကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

HOT NEWS
January 4,