စင်ကာပူပြည်သူများက မြန်မာနိုင်ငံရေဘေးသင့်ဒေသ ပြည်သူများသို့လှူဒါန်းသည့် အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ ရန်ကုန်မြို့သို့စတင်ရောက်ရှိ

စင်ကာပူပြည်သူများက မြန်မာနိုင်ငံရေဘေးသင့်ဒေသ ပြည်သူများသို့လှူဒါန်းသည့် အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ ရန်ကုန်မြို့သို့စတင်ရောက်ရှိ


Ministry of Information/ Naypyitaw / September 25, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၂၄

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီး၊ ရေလျှံမှုများဖြစ်ပွားလျက်ရှိသည့် ရေဘေးသင့်ဒေသများသို့ စင်ကာပူနိုင်ငံရှိ Singapore Sinhala Buddhist Association၊ Mahakaruna Buddhist Society နှင့် Willing Hearts လူမှုကူညီရေးအသင်းတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီများအဖြစ် အာဟာရဖြည့်ဆန်အိတ်များ၊ လူကြီး / ကလေးအဝတ်အထည်များနှင့် ဂျာကင်၊ ဦးထုပ်နှင့် ဖိနပ်များ၊ အစားအစာများနှင့် ရေချိုးဆပ်ပြာ၊ ဆပ်ပြာတောင့် စသည့်လူသုံးကုန်ပစ္စည်းများ ခန့်မှန်း ၁၀ တန်ပမာဏကို မြန်မာသံရုံး စင်ကာပူမြို့မှတစ်ဆင့် လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပစ္စည်းများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ ၂၇ ရက်အတွင်း စင်ကာပူမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းပြေးဆွဲလျက်ရှိသော Myanmar National Airways (MNA) နှင့် Myanmar Airways International (MAI) လေကြောင်းလိုင်းများမှ ရေဘေးသင့် မြန်မာပြည်သူများအကျိုးအတွက် အခမဲ့သယ်ယူပို့ဆောင်ပေးမှုပြုခဲ့ပြီး စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပစ္စည်းပမာဏ နှစ်တန်ကျော် စတင်တင်ပို့ရောက်ရှိခဲ့သည်။

စင်ကာပူ ပြည်သူများက သက်ဆိုင်ရာပရဟိတအဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်သည်။

မြန်မာသံရုံး စင်ကာပူအနေဖြင့် စင်ကာပူနိုင်ငံရှိ Singapore Sinhala Buddhist Association၊ Mahakaruna Buddhist Society နှင့် Willing Hearts အသင်းတို့နှင့် လက်တွဲ၍ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသပြည်သူများသို့ လှူဒါန်းမှုများ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိပြီး မြန်မာနှင့်စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေးတွင် အခြေခံအကျဆုံးသော အစိတ်အပိုင်းဖြစ်သည့် နှစ်ဖက်ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်အားပေး ကူညီမှုများတိုးပွားစေရန် အားမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,