စစ်ကိုင်း-မုံရွာလမ်း (မုံရွာခရိုင်အပိုင်း) (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

စစ်ကိုင်း-မုံရွာလမ်း (မုံရွာခရိုင်အပိုင်း) (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

Sagaing Region Government/ မုံရွာမြို့ / October 21, 2019


ရွှေတောင်ဟိုက်ဝေး ကုမ္ပဏီလီမိတက်မှ BOTစနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်သော စစ်ကိုင်း-မုံရွာလမ်း (မုံရွာခရိုင်အပိုင်း) (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒေါက်တာမြင့်နိုင်တို့မှ အဖွင့်အမှာစကား ပြောကြားပြီး ဆောက်လုပ်ပြီးစီးခဲ့သည့် လမ်းပိုင်းနှင့် ပတ်သက်၍ Shwe Taung Highway Co;Ltd၏ Group CEO ဦးအောင်ဇော်နိုင်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး လမ်းပိုင်းအား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

​​​​​​​