စစ်မှုထမ်းဆောင်ရန်အတွက် ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူငယ်များကို စစ်ဆေးမှုများပြုလုပ်၍ ဖမ်းဆီးနေကြောင်းနှင့် မုံရွာမြို့ပေါ်ရပ်ကွက်များ၊ စက်ရုံအချို့တွင် စာရင်းကောက်ယူများများပြုလုပ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
စစ်မှုထမ်းဆောင်ရန်အတွက် ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူငယ်များကို စစ်ဆေးမှုများပြုလုပ်၍ ဖမ်းဆီးနေကြောင်းနှင့် မုံရွာမြို့ပေါ်ရပ်ကွက်များ၊ စက်ရုံအချို့တွင် စာရင်းကောက်ယူများများပြုလုပ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
Ministry of Information/ Naypyitaw / February 17, 2024

နေပြည်တော် ဖေဖော်ဝါရီလ ၁၇
ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်များကို စစ်ဆေးမှုများပြုလုပ်ဖမ်းဆီးနေကြောင်း မဟုတ်မမှန် သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံဝါဒဖြန့်ရေးသားလျက်ရှိကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေဒေသများတည်ငြိမ်အေးချမ်းစေရေးနှင့် ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများ ပြည်သူများနှင့်ရောနှော၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရန် လိုအပ်သော လုံခြုံရေးစစ်ဆေးမှုဆောင်ရွက်ခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေအုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အလားတူ မုံရွာမြို့ပေါ်ရပ်ကွက်များနှင့် စက်ရုံအချို့တွင် စစ်မှုထမ်းဆောင်ရန် လူစာရင်းများကောက်ခံလျက်ရှိကြောင်း ကောလာဟလသတင်းတုများ ဝါဒဖြန့်ရေးသားလျက်ရှိပြီး သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်ကောက်ခံမှုများကို တာဝန်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများနှင့် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်ကောက်ခံမှု လုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်၊ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် စိုးရိမ်ထိတ်လန့်မှုများဖြစ်စေရန်၊ တိုင်းပြည်၏ အနာဂတ်လူငယ်၊ လူရွယ်များ လမ်းမှားရောက်စေရန်ရည်ရွယ်၍ ကောလာဟလသတင်းတု၊ သတင်းမှားများကို ဖြန့်ဝေလျက်ရှိသဖြင့် မိဘပြည်သူများနှင့် လူငယ်လူရွယ်များအနေဖြင့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများတွင် သတင်းများ၊ ထုတ်ပြန်ချက်များ၊ အသိပေးချက်များကို ရှင်းလင်းလွယ်ကူစွာ သိရှိနားလည်စေရန် ထုတ်ပြန်ကြေငြာပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။