စနစ်သစ်စတင်ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံဘာသာတွဲ Top Ten ၁၁ ဦး၌ ရန်ကုန်တိုင်းဒေသကြီးမှ ခုနစ်ဦးပါဝင်၊ ၅၃ ဒသမ ၄၈ ရာခိုင်နှုန်းအောင်မြင်ခဲ့

စနစ်သစ်စတင်ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံဘာသာတွဲ Top Ten ၁၁ ဦး၌ ရန်ကုန်တိုင်းဒေသကြီးမှ ခုနစ်ဦးပါဝင်၊ ၅၃ ဒသမ ၄၈ ရာခိုင်နှုန်းအောင်မြင်ခဲ့


Ministry of Information/ Naypyitaw / June 14, 2024
image_latest


ရန်ကုန် ဇွန် ၁၃

တက္ကသိုလ်ဝင်တန်းစာမေးပွဲ စနစ်သစ်စတင်ဖြေဆိုမှုကို ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိ နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနများ၌ ဖြေဆိုခဲ့ကြပြီး ဇွန် ၁၁ ရက်တွင် အောင်စာရင်းများထုတ်ပြန်ကြေညာခဲ့ရာ သိပ္ပံဘာသာတွဲ၌ တစ်နိုင်ငံလုံး Top Ten ၁၁ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ ခုနစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။

၅၃ ဒသမ ၄၈ ရာခိုင်နှုန်း

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတစ်ဝန်း၌ဖြေဆိုသူ ၁၂၈၈၂၀ ရှိပြီး အောင်မြင်သူ ၇၄၅၉၂ ဦးရှိ၍ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ၁၈၉၅၂ ဦး စာရင်းပေးသွင်းခဲ့ ပြီး ၁၈၀၅၆ ဦးဖြေဆိုခဲ့ရာ ၉၆၅၆ ဦး အောင်မြင်ခဲ့၍ ၅၃ ဒသမ ၄၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်းအနေဖြင့် Top Ten တွင် သိပ္ပံဘာသာတွဲ၌ အမှတ်တူပါဝင်၍ ၁၁ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ ခုနစ်ဦး၊ ဝိဇ္ဇာတွဲ၌ Top Ten ၁၀ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဦးနှင့် ဝိပ္ပံတွဲ၌ Top Ten ၁၀ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ သုံးဦးပါဝင်ခဲ့သည်။

“၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုကို ယခုထက်ပိုပြီး မျှော်မှန်းခဲ့တာပါ။ ရန်ကုန်တိုင်းမှာ အနယ်နယ်အရပ်ရပ်ကနေ ဝင်ရောက်ဖြေဆိုသူလည်းများခဲ့ပါတယ်။ အောင်မြင်မှုမှာ Top Ten တွေကိုကြည့်မယ်ဆိုရင် သိပ္ပံတွဲမှာ အမှတ်တူနှစ်ဦးရှိတဲ့အတွက် ၁၁ ဦးထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ခုနစ်ဦးပါဝင်ခဲ့ပါတယ်။ ဝိဇ္ဇာတွဲမှာ တစ်ဦးနဲ့ ဝိပ္ပံတွဲမှာ သုံးဦးပါဝင်ခဲ့တာကြောင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ မိဘတွေနဲ့ဖြေဆိုပေးခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေကို ကျေးဇူးတင်ပါတယ်။ ကျန်တဲ့ဒေသက ကျောင်းသား ကျောင်းသူတွေကိုလည်း လက်ခံပြီး ဖြေဆိုနိုင်အောင် ဆောင်ရွက်ပေးရတဲ့အတွက် အောင်ချက်အနေအထားကို မျှော်မှန်းသလောက်မရရှိခဲ့ပေမယ့် ၅၃ ဒသမ ၄၈ ရာခိုင်နှုန်းရရှိအောင် သင်ကြားပေးခဲ့ကြတဲ့ ဆရာ ဆရာမများ၊ အစစအရာရာကူညီဆောင်ရွက်ပေးတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဘာသာရပ်တွေကို ပိုမိုကျွမ်းကျင်အောင် စွမ်းရည်မြှင့်ဘာသာရပ်တွေကို ဝိုင်းဝန်းသင်ကြားပို့ချပေးခဲ့တဲ့ အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

ပညာ၏တန်ဖိုးကိုသိရှိ

နိုင်ငံတော်မှ ပညာရေးအဆင့်အတန်းတိုးတက်လာရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ အားထုတ်မှုသာမက ပြည်သူတစ်ရပ်လုံးအနေဖြင့် ပညာ၏တန်ဖိုးကိုသိရှိ၍ အားထုတ်မှုဖြင့် နိုင်ငံ၏ပညာ‌ရေးရည်မှန်းချက် ပြည့်မီမှုကို အထောက်အပံ့ရရှိစေမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် တက္ကသိုလ်ဝင်တန်းစနစ် သစ်ဒုတိယမြောက်ဖြေဆိုမှုတွင်လည်း တိုင်းဒေသကြီးအနေဖြင့် အောင်ချက်မြင့်မားရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး၊ ညိမ်းသူ (သတင်းစဉ်)

HOT NEWS
January 4,