စားသောက်ကုန်၊ လူသုံးကုန်နှင့်အလှကုန် ထုတ်လုပ်မှုနည်းပညာ(ToT)သင်တန်းဖွင့်လှစ်

စားသောက်ကုန်၊ လူသုံးကုန်နှင့်အလှကုန် ထုတ်လုပ်မှုနည်းပညာ(ToT)သင်တန်းဖွင့်လှစ်


Ministry of Cooperatives and Rural Development/ Naypyitaw / August 29, 2022
image_latest


နေပြည်တော်၊ ဩဂုတ် ၂၉

      ဒေသအတွင်းထွက်ရှိသော ကုန်ကြမ်းသီးနှံများကို အခြေခံ၍ တီထွင်ဆန်းသစ်နိုင်သည့် စားသောက်ကုန်အမယ်သစ်များ စမ်းသပ်ထုတ်လုပ်၍ နည်းပညာသစ်များကို ပြန်လည်ပို့ချ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ စားသောက်ကုန်၊ လူသုံးကုန်နှင့်အလှကုန် ထုတ်လုပ်မှုနည်းပညာ (ToT) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ Incubation Centre သင်တန်းခန်းမ ၌ ဖွင့်လှစ်သည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

        ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ထုတ်ကုန်ပစ္စည်းအမယ်သစ်များ ပေါ်ပေါက်လာစေရန်နှင့် သွင်းကုန်အစားထိုးကုန်ပစ္စည်းများ ထုတ်လုပ် နိုင်စေရန်အတွက် Research and Innovation လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ One Village One Product ထုတ်ကုန်များ ပေါ်ပေါက်လာစေရေးအတွက် ဒေသထွက် ကုန်ကြမ်းများကို လေ့လာပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ပေါ်ထွက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ယခုသင်တန်းသားများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများမှ ကိုယ်စားပြုတက်ရောက်ကြသူများဖြစ်သဖြင့် မိမိတို့ဌာန၏ လုပ်ငန်းများ တိုးတက်အောင်မြင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းမှ သင်ကြားပေးသော ပညာရပ်များကို ကြိုးစားသင်ယူပြီး ပြန်လည်အသုံးချရမည်ဖြစ်သောကြောင့် မိမိ ကိုယ်တိုင်က ကျွမ်းကျင်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

        ယခုဖွင့်လှစ်သင်ကြားပေးသော သင်တန်းကို တိုင်းဒေသကြီး/ပြည်နယ်ရုံးများနှင့် ခရိုင်ရုံးများ၌ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်း (၂၅)ဦးအား ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာ လ ၁၃ ရက်နေ့ အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

HOT NEWS
January 4,