စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် Japan Patent Office မှ Commissioner ဖြစ်သူ Mr. Matsunaga နှင့် တွေ့ဆုံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် Japan Patent Office မှ Commissioner ဖြစ်သူ Mr. Matsunaga နှင့် တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 16, 2019

နေပြည်တော် အောက်တိုဘာ ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်သော မြန်မာ့ဉာဏမူပိုင်ခွင့်ဆွေးနွေးပွဲ (Myanmar IP Seminar)သို့ တက်ရောက်နေစဉ် ကာလအတွင်း အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်၌ Japan Patent Office မှ Commissioner ဖြစ်သူ Mr. Matsunaga နှင့် Japan Patent Office HQ တွင် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ မူပိုင်ခွင့်ဌာနဖွင့်လှစ်ရန် ဆောင်ရွက်နေမှုများ၊ လျှောက်လွှာ စစ်ဆေးသူများအတွက် Japan Patent Office မှ သင်တန်းပေးရေးကိစ္စများ၊ မြန်မာနိုင်ငံ မူပိုင်ခွင့်ဌာနအတွက် ပညာရှင်များစေလွှတ်၍ အကူအညီပေးရန်ကိစ္စများကို ဆွေးနွေးခဲ့ပြီး JPO ရုံးအတွင်းလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် Japan Patent Office မှ ညွန်ကြားရေးမှူးချုပ် Mr. Lwasaki နှင့် တွေ့ဆုံပြီး IT နည်းပညာဖြင့် Pastent မူပိုင်ခွင့်များဆောင်ရွက်နေမှုမျာနှင့် စပ်လျဉ်းပြီး အားသာချက် များနှင့် စာရွက်စာတမ်းလုံခြုံမှု ဆောင်ရွက်ထားမှု အခြေအနေ ရှင်းလင်း တင်ပြမှုအပေါ် သိရှိလိုသည်များ မေးမြန်းပြီး Patent မူပိုင်ခွင့်နှင့် ပတ်သက်၍ စစ်ဆေး ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)