ဆွမ်းသပိတ်လောင်းလှူ ရေစက်ချ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်

ဆွမ်းသပိတ်လောင်းလှူ ရေစက်ချ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်


Sagaing Region Government/ မုံရွာမြို့ / October 21, 2019


မုံရွာမြို့၊ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် (၅)ရက်နေ့မှ သီတင်းကျွတ် လကွယ်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ သီတင်းကျွတ် လပြည့်ကျော် (၈)ရက်နေ့ (၂၁.၁၀.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် သံဃာတော် အပါး (၅၀၀၀)ကျော်တို့အား ဆွမ်းသပိတ် လောင်းလှူပွဲနှင့် ရေစက်ချ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဉီးမျိုးမောင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယဉက္ကဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဂေါပကအဖွဲ့များ ဆွမ်းသပိတ်အလှူရှင်များ တက်ရောက်ကာ သံဃာတော်များအား ဆွမ်းသပိတ်များ လောင်းလှူခဲ့ကြပါသည်။

​​​​​​​

HOT NEWS
January 4,