တတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁” ကို မြန်မာ့ရုပ်မြင်သံကြား MRTV HD နှင့် NRC Channel တို့တွင် ပြသမည်

တတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁” ကို မြန်မာ့ရုပ်မြင်သံကြား MRTV HD နှင့် NRC Channel တို့တွင် ပြသမည်


Ministry of Information/ Naypyitaw / December 10, 2021
image_latest


နေပြည်တော် ဒီဇင်ဘာ - ၉

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တတိယ အကြိမ် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ-၂၀၂၁”ကို ဒီဇင်ဘာ (၁၁)ရက်မှ (၁၅) ရက် အထိ ပွဲတော်ကာလသတ်မှတ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD နှင့် NRC Channel တို့တွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ-၂၀၂၁” ဖွင့်ပွဲ အခမ်း အနားကို Virtual Celebration ဖြင့် ဒီဇင်ဘာ (၁၁)ရက် ညနေ ၄  နာရီခွဲမှ စတင် ထုတ်လွှင့် သွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၁၂)ရက် မှ(၁၅)ရက်အထိ ညစဉ် ည (၉) နာရီမှ စတင်ကာ တိုင်းရင်းသားများ၏ တေးသီချင်းများ၊ ရိုးရာအကများနှင့် ဖျော်ဖြေတင်ဆက်မှု များအပြင် ပွဲတော်ပိတ်ပွဲ အခမ်းအနားကိုလည်း ထုတ်လွှင့်ပေးမည်ဖြစ်သည်။     

ထို့အတူ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံတွေနှင့် ဝတ်စားဆင်ယင်မှု၊ ဒေသ ထွက်ကုန်/ ထုတ်ကုန်များနှင့် စီးပွားရေးဆိုင်ရာများ၊ စိတ်ဝင်စားဖွယ် နေရာများနှင့် လမ်းပန်း ဆက်သွယ်ရေးအခြေ အနေများကိုလည်း သွေးချင်းတို့ရဲ့ပွဲတော်ဆီ Website ဖြစ်သည့် www.mecfevent.com တွင် ဒီဇင်ဘာ(၁၁)ရက်မှ စတင်ပြီးဝင်ရောက် ကြည့်ရှုလေ့လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်