တန့်ယန်းမြို့နယ် နမ့်ဟူးလွယ်ကာ ခေတ်မီစံပြကျေးရွာ၌ SMART Village စီမံကိန်းဖြင့် ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
တန့်ယန်းမြို့နယ် နမ့်ဟူးလွယ်ကာ ခေတ်မီစံပြကျေးရွာ၌ SMART Village စီမံကိန်းဖြင့် ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / October 13, 2023
တန့်ယန်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း(SMART Village) ထောက်ပံ့ရန်ပုံငွေဖြင့် နမ့်ဟူးလွယ်ကာ ခေတ်မီစံပြကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ နမ့်ဟူးလွယ်ကာ ခေတ်မီစံပြကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြား ပါသည်။
နမ့်ဟူးလွယ်ကာခေတ်မီစံပြကျေးရွာ ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းကို ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း(SMART Village) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၃၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် စက်တင်ဘာလ စတုတ္ထအပတ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ကျေးရွာရှိ ကျောင်းသားကျောင်းသူ ၁၅၃ ဦးအတွက် သောက်သုံးရေများအဆင်ပြေသွားပြီးဖြစ်ကြောင်း သိရသည်။
