တရားမဝင်ကျွန်းသစ်၊ သစ်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

တရားမဝင်ကျွန်းသစ်၊ သစ်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / February 14, 2022
image_latest


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ Hair Dryer (၁၁၄၀)နှင့် ကလေးစီးဖိနပ် အရံ (၅၄၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၈၂၀,၀၀၀)  ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးရာ လှည်းကူးမြို့နယ်မှ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၇၀၄၈)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၁,၄၄၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ သာယာဝတီ၊ တောင်ငူနှင့် ပြည်ခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်သစ်မျိုးစုံ (၄ ဒသမ ၃၂၉၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၅,၃၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃,၇၀၆,၈၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ  သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,