တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်အသုံးပြုမည့် ဆေးထိုးအပ်(၅)သန်း ဆက်လက်ရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်အသုံးပြုမည့် ဆေးထိုးအပ်(၅)သန်း ဆက်လက်ရောက်ရှိ


Ministry of Information/ Naypyitaw / May 19, 2022
image_latest


နေပြည်တော် မေ ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းအနက် ပထမအသုတ်ပေးပို့သည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၅)သန်း doses နှင့် ဆေးထိုးအပ် (၂)သန်းတို့သည် ယမန်နေ့က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ယနေ့နေ့လယ်ပိုင်းတွင် ဒုတိယအသုတ်ဆေးထိုးအပ်(၅)သန်း ရန်ကုန်မြို့သို့ ဆက်လက်ရောက်ရှိသည်။

အဆိုပါ ဆေးထိုးအပ်များသယ်ဆောင်လာသော Sichun Airline သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးလေ ဆိပ်မှထွက်ခွာလာခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ဝ၅၆ သန်းအနက် ကျန်ရှိသောဆေးနှင့်ဆေးထိုးအပ်များအား မေ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဆက်လက်ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ယနေ့ရောက်ရှိလာသည့် ဆေးထိုးအပ်များအား မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

HOT NEWS
January 4,