တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / March 03, 2025


နေပြည်တော် ဖေဖော်ဝါရီ ၂၈

မြန်မာ-တရုတ် သံတမန်ထူထောင်ခြင်း (၇၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(မန္တလေး)နှင့် ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်း၍ Yunnan Economics Trade and Foreign Affairs College ၏ အကူအညီဖြင့် တရုတ်အစားအစာချက်ပြုတ်နည်းသင်းတန်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ Royal Taunggyi ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တာဝန်ရှိသူများ၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဖူးကျင့်နိုင်ငံတကာဘာသာ စကားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Yunnan Economics Trade and Foreign Affairs College မှ သင်တန်းနည်းပြဆရာများ၊ တောင်ကြီးမြို့ရှိဟိုတယ်နှင့် ခရီးသွား ဆိုင်ရာ အသင်းအဖွဲ့များမှတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ပို့ချမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြာပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးတို့က ယူနန်ပြည်နယ်မှ စားဖိုမှူးကြီးများအား အမှတ်တရ လက်ဆောင် ပစ္စည်းများကိုပေးအပ်ခဲ့ကြသည်။ အဆိုပါ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းကို ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ရာ သင်တန်းသား ၊သင်တန်းသူ ၄၆ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Source From: Myawady