ထန်းတပင်မြို့နယ် ကြံခင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်မြောက် ပြန်လည်ထုတ်ချေး

ထန်းတပင်မြို့နယ် ကြံခင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်မြောက် ပြန်လည်ထုတ်ချေး


Ministry of Cooperatives and Rural Development/ Naypyitaw / September 14, 2025
image_latest


ထန်းတပင်မြို့နယ် ကြံခင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်မြောက် ပြန်လည်ထုတ်ချေး
 
ထန်းတပင် စက်တင်ဘာ ၁၄
 
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ကြံခင်းကျေးရွာအတွက် လည်ပတ်ရန်ပုံငွေ နဝမအကြိမ်ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို (၁၃-၉-၂၀၂၅)ရက်နေ့နံနက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ထိုသို့ထုတ်ချေးပေးရာတွင် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးနိုင်လင်းကိုက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။
 
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း နဝမအကြိမ်အဖြစ် ထန်းတပင်မြို့နယ်၊ ကြံခင်းကျေးရွာရှိစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၂ ဦး၊ စုစုပေါင်း အသင်းသား ၆၅ ဦးအတွက် ငွေကျပ် ၅၅၇ သိန်းကို ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များက နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးနိုင်လင်းကိုက ပြောပြ၍ သိရသည်။