ဒုတိယဝန်ကြီး ဦးအေးထွန်း မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအေးထွန်း မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 22, 2021
နေပြည်တော် နိုဝင်ဘာ ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ၊ သာသနိက အဆောက်အအုံများ သန့်ရှင်းသာယာလှ ပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ သာသနာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဦးစီးဌာန၊ ဆောက်လုပ်ရေးအထူးအဖွဲ့ (၂) တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးအဖွဲ့သည် မွန်းလွဲ ၁ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းတော်ကြီးဘုရားခန်းမ၌ ကျင်းပလျက်ရှိသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ နဝမ အစည်းအဝေးအကြိုညှိနှိုင်း ဒုတိယနေ့ အစည်းအဝေးသို့တက်ရောက်သည်။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ နဝမအစည်းအဝေး၏ အကြိုညှိနှိုင်း အစည်းအဝေးပွဲများကို နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိလည်းကောင်း၊ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့ ၄၇ ပါးစုံညီ နဝမအစည်းအဝေးပွဲကြီးကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ လည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
