ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတမစ္စတာ ဂျိုကိုဝီဒိုဒို၊ ဒုတိယသမ္မတ မစ္စတာ မာရုဖ်အာမင် တို့နှင့် တွေ့ဆုံ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတမစ္စတာ ဂျိုကိုဝီဒိုဒို၊ ဒုတိယသမ္မတ မစ္စတာ မာရုဖ်အာမင် တို့နှင့် တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / October 21, 2019
image_latest


ရန်ကုန် အောက်တိုဘာ ၂၁

 

အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယမန်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်တွင် ဂျကာတာမြို့ရှိ အင်ဒိုနီးရှားနိုင်ငံ သမ္မတအိမ်တော်သို့ ရောက်ရှိပြီး သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို အား ဂါရ၀ပြုတွေ့ဆုံသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတ အိမ်တော်သို့ရောက်ရှိပြီး ဒုတိယသမ္မတ မစ္စတာ မာရုဖ်အာမင်နှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြားရှိ ရင်းစွဲချစ်ကြည်ရေး ပိုမိုတိုးတက် ကောင်းမွန်ရေး၊ အာဆီယံ အသိုက်အဝန်းအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဆက်လက်ပေးအပ်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲများသို့ ဒုတိယသမ္မတနှင့်အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အင်ဒိုနီးရှား နိုင်ငံသမ္မတ၊ ဒုတိယ သမ္မတတို့နှင့် အတူ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,