ဒေးဒရဲမြို့၌ ကျေးရွာချင်းဆက်လမ်းများခင်းကျင်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ဒေးဒရဲမြို့၌ ကျေးရွာချင်းဆက်လမ်းများခင်းကျင်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / December 04, 2025
image_latest


ဒေးဒရဲ ဒီဇင်ဘာ ၃

            ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးမြင့်နှင့် တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း တစ်လမ်း၊ ကျောက်ချောလမ်း နှစ်လမ်းနှင့် မြေသားလမ်း တစ်လမ်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးနှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း