နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်
Ministry of Information/ Naypyitaw / July 20, 2023
နေပြည်တော် ဇူလိုင် ၂၀
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏ သား/သမီးများ ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ကျင်းပရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသားလူငယ်များအနေဖြင့် ရရှိနေသည့် ပညာရေးအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် ပညာတတ်လူငယ်များဖြစ်လာစေရန်၊ ယနေ့ခေတ်တွင် နည်းပညာစနစ်များ တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲမှုနှင့်အညီ သာမန်ကြိုးစား လေ့ကျင့်မှုမျိုးမဟုတ်ဘဲ စဉ်ဆက်မပြတ် လေ့လာမှု(Continuous Learning)ပြုလုပ်ပြီး အဆင့်မြင့်ပညာရပ်များကို ကြိုးစားသင်ယူရန်နှင့် မိဘများကလည်း တစ်နှစ်ထက်တစ်နှစ် အောင်ချက် ရာခိုင်နှုန်း တိုးတက်ကောင်းမွန်စေရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြို့တော်ဝန်က ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများက ရိုးရိုးအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား (၂)ဘာသာဂုဏ်ထူးရှင် မဟိန်းစန္ဒာဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်