ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုချီးမြှင့်ပွဲအခမ်းအနား ဩဂုတ်လ ၂၄ ရက်တွင် ကျင်းပမည်
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုချီးမြှင့်ပွဲအခမ်းအနား ဩဂုတ်လ ၂၄ ရက်တွင် ကျင်းပမည်
Ministry of Information/ Naypyitaw / August 09, 2024
ရန်ကုန် ဩဂုတ် ၈
အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပညာရည်ချွန်ဆု၊ ပခုက္ကူ ဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု ဆုရရှိသူများစာရင်းကို ဇွန်လ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ အဆိုပါ ဆုရရှိသူများအား ချီးမြှင့်မည့်အခမ်းအနားကို ဩဂုတ်လ ၂၄ ရက် နံနက်(၁၀:၀၀)နာရီတွင် အမှတ်၂၂၈၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဆုချီးမြှင့်ခံရသူများကို အခမ်းအနားတက်ရောက်ရန် နှိုးဆော်ထားပြီး အသေးစိတ်သိရှိလိုပါက စာပေဗိမာန်ရုံး၊ စီမံရေးရာဌာန၊ ဖုန်း ၀၁ - ၈၃၈၁၄၄၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
