ပုဗ္ဗသီရိမြို့နယ် ညောင်ကုန်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေထုတ်ချေး

ပုဗ္ဗသီရိမြို့နယ် ညောင်ကုန်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေထုတ်ချေး


Ministry of Cooperatives and Rural Development/ Naypyitaw / October 03, 2025
image_latest


ပုဗ္ဗသီရိမြို့နယ် ညောင်ကုန်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေထုတ်ချေး

****************************************************************************

နေပြည်တော်  အောက်တိုဘာ    ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖြုတ်ခွဲကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ ဆဌမအကြိမ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေပြန်လည်ထုတ်ချေးခြင်းကို အောက်တိုဘာ ၂ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ဝင့်က အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၂၇၃သိန်းကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ညောင်ကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၉ဦးကို ငွေကျပ်သိန်း ၁၄၀၊ မွေးမြူရေးလုပ်ကိုင်သူ ၄၃ဦးကို ငွေကျပ် ၁၁၁သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦးကို ငွေကျပ် ၁၉သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကို ငွေကျပ် သုံးသိန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၇၉ဦးကို ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေကျပ် ၂၇၃သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။    

နော်လူး