ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဘိုစုရပ်ကွက်၊ နယ်မြေ(၄)တွင် နေအိမ် မီးလောင်မှု
ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဘိုစုရပ်ကွက်၊ နယ်မြေ(၄)တွင် နေအိမ် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / February 08, 2022

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဘိုစုရပ်ကွက်၊ နယ်မြေ(၄)တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ၁၃၁၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်တိုက်မီး၏ (၁၀×၁၀) ဖက်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဘေးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေါင်မြို့နယ်မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၉) စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၁၃၃၆ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင်ဒေါ်တိုက်မီးအား ပေါင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။