ပဲခူးမြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း
ပဲခူးမြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း
Ministry of Information/ Naypyitaw / March 17, 2022
ပဲခူး မတ် ၁၆
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ၎င်းတို့၏ဇနီးများက ဘွဲ့တံဆိပ်တော်များ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့ သာမဏေကျော်စာသင်တိုက် ဒေါက်တာဘဒ္ဒန္တ ဝိစက္ခဏာ လင်္ကာရာဘိဝံသ၊ အဂ္ဂမဟာ ဂန္ထ ဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဆရာတော်အရှင်မြတ်ထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ကြွရောက်လာကြသည့် ဆရာတော်များနှင့် သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်၊ မဟာကမ္မဌာန စရိယ နှစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတ ခြောက်ပါး၊ ကမ္မဌာနစရိယ တစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ နှစ်ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ သုံးပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ငါးပါး၊ ဓမ္မကထိက ဗဟုဇနဟိတဓရ တစ်ပါး၊ သုဓမ္မသိ တစ်ဦး စုစုပေါင်း ရဟန်း/သံဃာ ၁၆ ပါး၊ သီလရှင်လေးပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့ ရရှိကြကြောင်း သိရသည်။
သတင်းစဉ်