ပျဉ်းမနား၊ ဟုမ္မလင်း၊ ပြင်ဦးလွင်နှင့် ရမည်းသင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပျဉ်းမနား၊ ဟုမ္မလင်း၊ ပြင်ဦးလွင်နှင့် ရမည်းသင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / December 27, 2021
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၆

နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ( ၁၂ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအနီးတွင် ဇော်ဝင်း(ခ) ဇော်ဝင်းထွန်း မောင်းနှင်လာသည့်  ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ညနေ ၆ နာရီတွင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ ဟုမ္မလင်းလေဆိပ်အနီး တွင် အောင်ဆန်းဝင်း(ခ)အောင် ဆန်း၊ ဖိုးကြီး၊ စောမင်းတင်(ခ) အိုက်ပါး၊ သန်းဇော်တို့ကို ဆိုင်ကယ်နှစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆၃ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၁၄၀၃ ကီလိုကို လည်းကောင်း။

အရေးယူထား

အလားတူ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် လားရှိုးမန္တလေးသွားကားလမ်း ဝက်ဝံကျေးရွာအုပ်စု ဝက်ဝံကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျော်မင်းထက်(ခ)ကောက်ကွေး (ခ)ကျော်မျိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၂၉၀ ကို လည်းကောင်း၊ ထို့အတူ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာမှ အမြန်လမ်းမကြီးသွားကားလမ်း မိုင်တိုင်အမှတ်(၁၂/၂)နှင့် (၁၂/၃) ကြားတွင် အောင်နိုင်ဌေး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၄၀၀ ကိုလည်းကောင်း၊  အလားတူ ယင်းနေ့ ည ၇ နာရီ တွင် ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ် ရန်ကုန် - မန္တလေး  အမြန်လမ်း မိုင်တိုင်အမှတ် (၂၅၀/၇) အနီးတွင် စိုးထီကို  ဆိုင်ကယ်နှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား