ပြင်ဦးလွင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော နေရာများသို့ တာဝန်ရှိသူများ သွားရောက်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်

ပြင်ဦးလွင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော နေရာများသို့ တာဝန်ရှိသူများ သွားရောက်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်


Ministry of Information/ Naypyitaw / July 31, 2022
image_latest


ပြင်ဦးလွင် ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ယနေ့ နံနက် ၂ နာရီ ၅၅ မိနစ်မှ စတင်ရွာသွန်းသော မိုးကြီးမှုကြောင့် ပြင်ဦးလွင်မြို့ပေါ်ရှိ ဂဲလောင်းချောင်းတစ်လျှောက် နေရာများနှင့် ရပ်ကွက်ကြီး ၁ ၊ ၄၊ ၅ ၊ ၆ ၊ ၁၈ နှင့် ၁၉ နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရေကြီးရေလျှံမှုများဖြစ်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာများသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်နှင့် ပြင်ဦးလွင်တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ပြီး ထမင်းနှင့် ရေသန့်ဘူးများလည်း ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့က မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များတွင် ရေဝင်ရောက်မှု ရှိခဲ့သဖြင့် အခက်အခဲဖြစ်ခဲ့ရသော ပြည်သူများအား ရပ်ကွက် အလိုက် ရွှေ့ပြောင်းပေးမည့် နေရာများ သတ်မှတ်၍ ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများသို့ ပြောင်းရွှေ့ပေးထားပြီး ပြင်ဦးလွင်ခရိုင် အားကစားကွင်းတွင်လည်း ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့များနှင့် စေတနာရှင် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေမကျသေးသည့် အနိမ့်ပိုင်း ရပ်ကွက်များကို ထမင်းဘူးများ၊ ခေါက်ဆွဲကြော်ဘူး ၂၀၀၀ နှင့် ရေသန့်ဘူး ၂၀၀၀ တို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပြင်ဦးလွင် ရပ်ကွက်ကြီး (၂) အ.ထ.က (၁)ကျောင်းရှိ အုတ်တံတိုင်း ၈ ပေခွဲခန်း ၂ ခန်း၊ ရပ်ကွက်ကြီး (၃) ရှိ အ.ထ.က(ခွဲ) လ(၁) ကျောင်းရှိ အုတ်တံတိုင်း ၈ ပေခန်း ၈ ခန်း၊ ရပ်ကွက်ကြီး ၉၊ အ.လ.က (ပွေးတောင်) ကျောင်းရှိ အုတ်တံတိုင်း ၆ ပေခွဲ ၇ ခန်း၊ ဆင်လမ်း အ.ထ.က ကျောင်းရှိ အုတ်တံတိုင်း ၈ ပေ ၁၅ ခန်း၊ ရပ်ကွက်ကြီး ၅ ပြည်သူ့ဆေးရုံကြီးရှိ အုတ်တံတိုင်း ၈ ပေ ၂ ခန်း ၊ ရပ်ကွက်ကြီး ၉ အေးမြချမ်းသာ သီလရှင်ကျောင်းရှိ အုတ်တံတိုင်း ၇ ပေ ၁၀ ခန်း၊ ရပ်ကွက်ကြီး ၉ ဂေါ်ရခါးဘုရားကျောင်းရှိ အုတ်တံတိုင်း ၇ ပေ ၁၀ ခန်း၊ ရပ်ကွက်ကြီး ၁၇ ဗုဒ္ဓမိသာ သီလရှင်ကျောင်းရှိ အုတ်တံတိုင်း ၈ ပေ ၁၀ ခန်းနှင့် ဆင်လမ်း ဓမ္မိကာရာမကျောင်းရှိ အုတ်တံတိုင်း ၈ ပေ ၈ ခန်းတို့ ပြိုလဲကျခဲ့ပြီး၊ ကျွဲနွားထောက်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာရှိ မြေစိုက်တဲအိမ်များ ရေတိုက်စားခဲ့ခြင်းနှင့် ရပ်ကွက်ကြီး ၁၇ ရှိ ၁၀ ပေ ပတ်လည် တိုက်ခန်း ၂ ခန်း ရေတိုက်စား ပြိုကျပျက်စီးသွားခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

HOT NEWS
January 4,