ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပဥ္စမအကြိမ် သက်ကြီးပူဇော်ပွဲ ကျင်းပပြီး ဂုဏ်ပြုထိုက်သော အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် ဂါရဝပြုကန်တော့ခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပဥ္စမအကြိမ် သက်ကြီးပူဇော်ပွဲ ကျင်းပပြီး ဂုဏ်ပြုထိုက်သော အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် ဂါရဝပြုကန်တော့ခြင်း
Office of the Auditor General of the Union/ NPT / January 16, 2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကြီးမှူးကျင်းပသော “အငြိမ်းစားပြည်ထောင်စုစာရင်းစစ်ချုပ်များနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၊ ယခင်ရုံးအဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရုံးအကြီးအကဲများ၊ အသက် (၇၅) နှစ်နှင့်အထက် (ဒုတိယညွှန်ကြားရေးမှူးနှင့်အထက်) သက်ကြီးဝါကြီးဆရာသမားများအား ပူဇော်ကန်တော့သည့် အခမ်းအနားကို ၂၉-၁၂-၂၀၂၃ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများမှ ကန်တော့ခံအငြိမ်းစားဆရာကြီး၊ ဆရာမကြီး (၇၅) ဦးအား အိမ်တိုင်ရာရောက် သွားရောက်ဂါရဝပြုကန်တော့ခဲ့ကြသည်။