ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Ministry of Information/ Naypyitaw / October 12, 2023

နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဥတ္တရသီရိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီတို့မှ ပါတီကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်စမ်းသပ်မဲပေးကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားများတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတွင်းရေးမှူးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူ ၂၀၀၊ မွန်းလွဲပိုင်းတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူ ၂၀၀ တက်ရောက်၍ မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲ ပေးခဲ့ကြသည်။ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၁၀ ခုမှ မဲဆန္ဒရှင်ပြည်သူများ ရှင်းလင်းဆွေးနွေးခြင်းနှင့် စမ်းသပ်မဲပေး ခြင်းများကို အောက် တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်