ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade - 5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade - 5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / February 23, 2024

နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ နေပြည်တော်ကောင်စီနယ်မြေပညာရေးမှူး ဒေါက်တာကျော်လွင်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိ မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့ စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ စာဖြေသူနှင့်စာမေးပွဲ လုပ်ငန်းအနှောင့်အယှက်မဖြစ်စေရန် အထူးဂရုစိုက်ဆောင်ရွက် ကြစေလိုကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်နှင့် စာဖြေခန်းအတွင်းအပြင် သန့်ရှင်းရေးနှင့် လေဝင်လေထွက်ကောင်းမွန်ရေး၊ အလင်းရောင် လုံလောက်စွာရရှိရေး၊ ကျောင်းသားကျောင်းသူများစာမေးပွဲကို သက်သောင့်သက်သာ ဖြေဆိုနိုင်ရေးအတွက် စာဖြေခုံများကို စနစ်တကျထားရှိစေလိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေး ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများကို မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများ၊ ကျောင်းဘောလုံး ကွင်းတည်ဆောက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ်ကြည့်ရှုပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်