ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများ လှည့်လည်ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများ လှည့်လည်ကြည့်ရှုအားပေး
Ministry of Education/ Naypyitaw / July 10, 2024
ရန်ကုန် ၂၀၂၄ ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် စက္ကော့ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပေးအပ် သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်တုန်းမြို့နယ် ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း၊ ပန်းတနော်မြို့နယ် အကယ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ ပန်းတနော်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကန်ကြီးထောင့်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းဥပဓိရုပ် ကောင်းမွန် ရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှု၍ အားပေး စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေး၊ ကျောင်းဝင်း အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးတို့အတွက် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
