ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် UNESCO ဌာနေ ကိုယ်စားလှယ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် UNESCO ဌာနေ ကိုယ်စားလှယ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
Ministry of Information/ နေပြည်တော် / October 09, 2019
နေပြည်တော် အောက်တိုဘာ ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့ (UNESCO) ဌာနေ ကိုယ်စားလှယ် Ms. Min Jeong Kim နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးတွဲပြီး မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်