ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)မှ ကြီးမှူးကျင်းပမည့် (၁၀၁)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ ကျင်းပနိုင်ရန် အလှူငွေပေးအပ်လှူဒါန်း
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)မှ ကြီးမှူးကျင်းပမည့် (၁၀၁)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ ကျင်းပနိုင်ရန် အလှူငွေပေးအပ်လှူဒါန်း
Ministry of Information/ Naypyitaw / November 15, 2021

နေပြည်တော် နိုဝင်ဘာ ၁၄
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) မှ ကြီးမှူးကျင်းပမည့် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပနိုင်ရန် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ဇမ္ဗူသီရိဗိမာန်၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် အလှူရှင်များက (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပနိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်