ဘားအံမြို့နယ်ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးခုံးမကြီးကောင်ရေ တစ်သိန်းငါးသောင်း မျိုးစိုက်ထည့်

ဘားအံမြို့နယ်ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးခုံးမကြီးကောင်ရေ တစ်သိန်းငါးသောင်း မျိုးစိုက်ထည့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 08, 2022


ဘားအံ - အောက်တိုဘာ (၇)

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းငါးသယံဇာတပေါကြွယ်ဝ၍ ငါးစားသုံးမှုဖူလုံပိုလျှံစေ ရေးအတွက် သဘာဝရေပြင် မြစ်ချောင်းအင်းအိုင်များအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးလျှက်ရှိရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ခလောက်ထောင်ရေလျှံကွင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။

ထိုသို့ ငါးမျိုးစိုက်ထည့်ပေးရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော တစ်လက်မအောက်ခံ အရွယ်ရှိ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ တစ်သိန်းငါးသောင်းကျော်အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေတစ်ဆယ့်နှစ်သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါငါးသားပေါက်ကောင်ရေ တစ်ဆယ်သိန်းငါးသောင်းခန့်အား ငါးမျိုးစိုက်ထည့် ပြီးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။