ဘားအံမြို့နယ်၌ Mytel ဆက်သွယ်ရေးတာဝါတိုင်အား အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ဘားအံမြို့နယ်၌ Mytel ဆက်သွယ်ရေးတာဝါတိုင်အား အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / May 30, 2023


    ပြည်သူများအကြား တယ်လီဖုန်းဆက်သွယ်မှုနှင့် သတင်းအချက်အလက် စီးဆင်းမှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေး အထောက်အကူပြုနိုင်ရန်အတွက် တပ်ဆင်တည်ဆောက်ထားရှိ သည့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးတာဝါတိုင်များအား နိုင်ငံအတွင်း ပြည်သူလူထု များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါ ဆက်သွယ်ရေးတာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
   ထိုသို့ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ရာ မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာ၊ ကျောက်တလုံး-မိကရင်သွားကားလမ်းမ အရှေ့ဘက်ကိုက် ၁၀၀ ခန့်အကွာရှိ ဦးစောထွန်းမြင့်သန်း(၄၇)နှစ် (ဘ)ဦးငြိမ်းရွှေ၏ ရော်ဘာခြံအတွင်း စိုက်ထူထားသည့် Mytel တာဝါတိုင်အား အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါဆက်သွယ်ရေးတာဝါတိုင်ရှိ မီးစက် ၁ လုံး၊ IPS Cabinet machine box ၁ လုံး၊ ဆက်သွယ်ရေးစက်များထားရှိသည့် အဆောက်အဦးအမိုးသွပ် ၂၀ ချပ်နှင့် တာဝါတိုင်ခြံစည်းရိုးသံဇကာ ၁၀ ပေခန့်တို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တာဝါတိုင်အား ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူ များက ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်သွယ်ရေးတာဝါတိုင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။