မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ တောင်မင်းတည်ရပ်ကွက်၊ ကမ်းနားလမ်း၊ ရတနာမာန်အောင် ဘုရားရှေ့တွင် သစ်ပင်လဲကျမှု
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ တောင်မင်းတည်ရပ်ကွက်၊ ကမ်းနားလမ်း၊ ရတနာမာန်အောင် ဘုရားရှေ့တွင် သစ်ပင်လဲကျမှု
Ministry of Home Affairs/ နေပြည်တော် / July 31, 2024
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၈ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ တောင်မင်းတည်ရပ်ကွက်၊ ကမ်းနားလမ်း၊ ရတနာမာန်အောင်ဘုရားရှေ့တွင် အမြင့်(၁၅)ပေ၊ လုံးပတ် (၂၄)ပေခန့်ရှိ မန်ကျည်းပင်ငုတ်တိုသည် မိုးရွာသွန်းမှုကြောင့်မြေပွ၍ လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သရက်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။