မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / August 09, 2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈ ရက်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဩဂုတ် ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာနေ ဒေါ်တင်အေး(၅၁)နှစ်၏ နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အရှေ့၌ ဒေါ်တင်အေးပါ အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်တင်အေးပါ ခုနစ်ဦးအား မကွေးနယ်မြေရဲစခန်း(ပ)၁၈၅/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,