မင်းဘူး မြို့နယ် ပိုက်သင် ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
မင်းဘူး မြို့နယ် ပိုက်သင် ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / October 27, 2025
မင်းဘူး မြို့နယ် ပိုက်သင် ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
မင်းဘူး အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း ရန်ပုံငွေဖြင့် ပိုက်သင် ကျေးရွာတွင် ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ပိုက်သင် ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပိုက်သင်ကျေးရွာ၌ အလျား ၆၀ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းကို Smart Village စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၉၉ သိန်း နှင့် ပြည်သူထည့်ဝင်ငွေ ကျပ် ၅၃၆ သိန်း ၊ စုစုပေါင်းငွေကျပ် ၇၃၅ သိန်း ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ/ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် ဩဂုတ် လ ၁၉ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း ဆောင်ရွက်မှုမှာ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း မင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို ထံမှသိရသည်။
ဇင်မာ
